Thursday, July 11, 2024

 

ပျူစကားသံ - ၃၊ လက်ကိုင်ဖုန်းနဲ့လုပ်

မြစေတီကျောက်စာက ပျူစာပထမစာကြောင်းကိုအသံထုတ်ကြည့်ထားတဲ့ ပျူစကားသံကိုနားထောင်ကြည့်ပါဦး -

html_tag_audio("PYU-7_ln1.mp3", type = "mpeg")

ခုအခါမှာလက်ကိုင်ဖုန်းတွေကကွန်ပျူတာနီးပါးလုပ်နိုင်လာကြလို့ပျူစာကနေအသံထုတ်တဲ့ sanskrit-tts package ကိုလဲသုံးနိုင်ပါတယ်။ ကွာခြားတာကတော့ကွန်ပျူတာမှာလို terminal ကပင်ကိုပါမလာဘူး။ အလားတူလုပ်နိုင်ဖို့ Termux ဆော့ဝဲကိုတင်ရတယ်။

လက်ကိုင်ဖုန်းမှာလုပ်ပုံအဆင့်ဆင့်က -
(၁) Termux ကို install လုပ်၊ (၂) Sanskrit Text-to-Speech ကို install လုပ်နိုင်ဖို့ Node.js နဲ့ npm ဆော့ဝဲတွေကို install လုပ်၊ (၃) “sanskrit-tts” package ကို install လုပ်၊၊ (၄) iso 15919 နဲ့အက္ခရာဖထှယ်ထားတဲ့ပျူစာကြောင်းကိုအသံဖိုင်လုပ်ပေးဖို့ Java script ကိုရေးပြီး Termux ထဲမှာ run ရမှာဖြစ်ပါတယ်။

ခုလုပ်နည်းထဲက Termux ကိုသုံးနိုင်ဖို့ဆိုရင် Android 7 နဲ့အထက်ရှိတဲ့လက်ကိုင်ဖုန်းလိုအပ်တယ်။ ဒါ့အပြင်လုပ်ငန်းစဉ်ချောမွေ့အောင် လက်ကိုင်ဖုန်းမှာ file manager တခု၊ text editor တခုရှိနေရပါမယ်။

လက်ကိုင်ဖုန်းမှာကြိုတင်လိုအပ်ချက်

  1. Android 7 နဲ့အထက်ရှိနေရမယ်၊
  2. ကျနော်က Google Files ဆိုတဲ့ file manager သုံးတယ်။ Files ဆိုတဲ့ app ကို Play Store ကနေ install လုပ်ပါ။
  3. Text editor မရှိသေးရင် Notepad – Text Editor ဆိုတဲ့ ဆိုတဲ့ ရိုးစင်းတဲ့ app ကို Play Store ကနေ install လုပ်ပါ။

Termux ကို install လုပ်

  1. Termux ကိုဒေါင်းလုတ်ဆွဲပါ:
  • F-droid ဝဘ်စာမျက်နှာ (https://f-droid.org/en/packages/com.termux/) ကိုဖွင့်ပါ။

  • ပေါ်လာတဲ့အထဲက Version 0.118.1 ရဲ့ Download APK ကိုနှိပ်ပါ။

  • Android သုံးလက်ကိုင်ဖုန်းတွေမှာဒေါင်းလုတ်ဆွဲထားတဲ့ဖိုင်တွေကိုပုံမှန်အားဖြင့် storage/emulated/0/Download/ နေရာမှာသိမ်းထားတယ်။ File manager ဖြစ်တဲ့ Files app ကိုဖွင့်ပါ။ Downloads ကိုနှိပ်ပါ။

  • Termux app ဖိုင်ဖြစ်တဲ့ com.termux_1000.apk ကိုတွေ့မယ်။ သူ့ကိုနှိပ်ပြီး install လုပ်ပါ။

  • Termux ဟာအန္တရာယ်ရှိတဲ့ app မို့တားထားတယ်လို့စာထွက်လာမယ်။

  • More details ကိုဖွင့်၊ ပေါ်လာတဲ့ Install anyway ကိုနှိပ်ရင် Termux ကို Install လုပ်ပေးပါလိမ့်မယ်။

  1. အရေးကြီးတဲ့အချက်က Termux အလုပ်လုပ်နိုင်အောင် Android settings ထဲမှာ permission ပေးဖို့ဖြစ်တယ်။
  • Settings ကိုသွား၊ App ကိုဖွင့်။ Termux ကိုဖွင့်။ App Info မှာခွင့်ပြုချက်မရှိကြောင်းတွေ့ရမယ်။

  • Permissions ကိုနှိပ်။ ပေါ်လာတဲ့အထဲက Files and media ကိုနှိပ်။

  • ပေါ်လာတဲ့အထဲက Allow management of all files ကိုရွေးပြီးပြန်ထွက်ပါ။

node.js ကို Install လုပ်ပါ

  • Termux ကိုဖွင့်ပြီး pkg install nodejs လို့စာရိုက်ပြီး Enter ကိုနှိပ်ပါ။ Node.js နဲ့ npm နှစ်မျိုးစလုံးကို တင်ပေးပါလိမ့်မယ်။ Installation မှန်မမှန်စစ်ပါ
  • ဖွင့်ပြီးသား Termux မှာnode -v လို့စာရိုက်ပြီး Enter ကိုနှိပ်ရင် Node.js version ပေါ်လာမယ်၊ npm -v လို့စာရိုက်ပြီး Enter ကိုနှိပ်ရင် npm version ပေါ်လာမယ်။ version နှစ်ခုစလုံးပေါ်ရင် Installation အောင်မြင်ပါပြီ။

sanskrit-tts package ကို install လုပ်

ပျူစာကိုအသံထွက်ပေးမဲ့အလုပ်ကိုသီးခြားလုပ်ဖို့ folder အသစ်တခုဖွင့်မယ်။ အဲဒီအထဲမှာ sanskrit-tts package ကို install လုပ်မယ်၊ အသံဖိုင်လုပ်ပေးဖို့ javascript ကိုရေးပြီးဒီအထဲမှာ run တဲ့အခါ ထွက်လာတဲ့ အသံဖိုင်ကိုဒီမှာဘဲသိမ်းပေးမယ်။

  1. Folder အသစ်တခုဖွင့်
  • Files app ကိုဖွင့်ပြီးအောက်ဆုံးဘယ်ဘက်က Internal storage ကိုဖွင့်ပါ။ အဲဒီထဲမှာရှိတဲ့ folder တွေပေါ်လာမယ်။ ညာဘက်အောက်ဆုံးနားက + ကိုနှိပ်ရင် Folder အသစ်ရဲ့နံမယ်ရေးဖို့ပေါ်လာမယ်။
  • PYU-tts လို့စာရိုက်ပြီး Create Folder ကိုနှိပ်ပါ။

  1. Termux ကိုဖွင့်
  2. PYU-tts folder သို့ပြောင်း
  • PYU-tts folder ရဲ့တည်နေရာ (path) ကိုကူးယူဖို့ Files app ကိုဖွင့်ပြီး Internal storage ကိုဖွင့်၊ ပေါ်လာတဲ့ PYU-tts folder ရဲ့ညာဘက်ဘေးကအစက်သုံးစက် ကိုနှိပ်။ ပေါ်လာတဲ့အထဲက Folder info ကိုနှိပ်။
  • ပေါ်လာတဲ့အထဲက ဝိုင်းပြထားတာကိုခပ်ကြာကြာနှိပ်ရင် PYU-tts folder ရဲ့တည်နေရာ (path) ကိုကူးယူပြီးဖြစ်လိမ့်မယ်။
  • ဖွင့်ပြီးသား Termux ကိုပြန်သွားပြီး cd လို့ရိုက်၊ ကွက်လပ်ခြားပြီးကူးထားတဲ့ path ကို paste လုပ်ပြီး Enter ကိုနှိပ်ရင် PYU-tts ကိုပြောင်းသွားမယ်။
  1. sanskrit-tts Package ကို install လုပ်
  • npm install sanskrit-tts လို့စာရိုက်ပြီးနှိပ်ပါ။ install လုပ်ပြီး Termux မှာဒီလိုမြင်ရမယ် -

  • Termux ကိုပိတ်ဖို့ exit လို့စာရိုက်ပြီး Enter ကိုနှိပ်ပါ။

JavaScript ဖိုင်လုပ်

  • PYU-tts folder ထဲမှာ JavaScript ဖိုင်အသစ်၊ ဥပမာ PYU-7_ln1.js ကိုဖွင့်မယ်။ ဒါကပျူကမ္ဗည်းစာတွေကိုစုထားပြီး iso 51919 အက္ခရာနဲ့ရေးထားတဲ့အထဲက ကမ္ဗည်းစာအမှတ်စဉ်-၇ (PYU 7) ရဲ့ပထမစာကြောင်းကိုအသံဖိုင်ထုတ်ခိုင်းတဲ့ JavaScript ရေးဖို့ပါ။ ခုစမ်းသပ်မဲ့ပျူစာသားဟာမြစေတီကျောက်စာကပထမစာကြောင်းဖြစ်ပြီး iso 51919 နဲ့ရေးထားတာကို ဒီဝဘ်စာမျက်နှာကယူပါတယ် - http://hisoma.huma-num.fr/exist/apps/pyu/works/ စာသားကဒီလိုပါ - || siri || dathagaṃda ḅa doṃ ḅaṁḥ ḅiṁḥ pduṃ sgu daṃḥ ḅa tva
  1. Script ရေး
  • အောက်ပါစာကိုကူးပါ -
// Import the sanskrit-tts module
const tts = require('sanskrit-tts');

// Define the Pyu text (in ISO 15919)
const text = '|| siri || dathagaṃda ḅa doṃ ḅaṁḥ ḅiṁḥ pduṃ sgu daṃḥ ḅa tva'; 

// Convert the text to speech and save it as an MP3 file
tts.saveFile(text, { 
    script: 'iso15919', 
    fileName: 'PYU-7_ln1.mp3' 
});
  • Text Editor ကိုဖွင့်ပြီး ကူးထားတဲ့စာတွေကို paste လုပ်မယ်။

  • PTU-tts folder ထဲမှာ PYU-7_ln1.js ဆိုတဲ့နံမယ်နဲ့ save လုပ်ပါ။ အဲဒီ folder ထဲမှာ ဒီလိုတွေ့ရမယ် -

သင့် Script ကို run ပါ

  • Termux ကိုဖွင့်၊ PYU-7_ln1.js ရှိတဲ့ PYU-tts folder ကိုပြောင်း၊ node PYU-7_ln1.js ဆိုတဲ့အမိန့်ရေးပြီး Enter ကိုနှိပ်မယ်။

ပျူစကားသံကိုနားထောင်ကြည့်ပါ

  • PYU-tts folder ကိုဖွင့်ကြည်ရင် PYU-7_ln1.mp3 ဖိုင်ကိုတွေ့မယ်။ သူ့ကိုနှိပ်ပြီးနားထောင်နိုင်ပါပြီ။