Sunday, February 20, 2022

ဒီဂျစ်တယ် ပေ၊ပုရပိုက်ရင်းမြစ်များ - ၆

 


ဗလာလင်္ကာ

“openverse” ဝဘ်စာမျက်နှာကသူ့ရဲ့ သန်း ၆၀၀ ကျော်ရှိတဲ့အရာဝတ္ထုတွေကိုဝင်ကြည့်ဖို့၊သုံးချင်ရာသုံးဖို့ဖိတ်ခေါ်တယ်။ ဝဘ်စာမျက်နှာတွေတည်ထောင်ပေးတဲ့နံမယ်ကျော် Wordpress ကုမ္ပဏီရဲ့ဝန်ဆောင်မှုတခုဖြစ်ပါတယ်။ https://wordpress.org/openverse/

ဗလာလင်္ကာရဲ့ရှာဖွေရန်စာမျက်နှာ

အပေါ်ကပြထားတဲ့ သူ့ရှာဖွေရန်စာမျက်နှာမှာ ပုရပိုက် (“parabaik”) လို့ရိုက်ပြီးရှာကြည့်တော့ ၄၅-ခုတွေ့တယ်ဆိုပြီးထွက်လာတယ်။ ပြထားတဲ့အညွှန်းပုံသေးလေးတွကိုရေကြည့်တော့ ၄၀ ပဲရှိတယ်။ ပထမနှစ်ပုံကရှေ့မှာပြောခဲ့တဲ့ ဝဲကမ်းစာကြည့်တိုက် (Wellcome Library) က၊ကျန်တာတွေက The Met မှာရှိတဲ့တခုထဲသောပုရပိုက်ထဲကဖြစ်တယ်။

“ပုရပိုက်” ရှာဖွေမှုရလာဒ်

openverse ဟာဒီဂျစ်တယ်အချက်အလက်တွေသိုလှောင်ပြီးဖြန့်ဝေတဲ့နေရာမဟုတ်ဘူး။သူကလွတ်လပ်တဲ့အချက်အလက်တွေကိုသိုလှောင်တဲ့နေရာတွေကနေစုစည်းထားပြီးရှာဖွေရတာလွယ်အောင်လုပ်ပေးထားတယ်။ လိုချင်တဲ့ပုံရိပ်အချက်အလက်ကိုရှာနေသူကတောင်းဆိုတဲ့အခါသူကအဲဒီပစ္စည်းစုဆောင်းထားတဲ့ဇာစ်မြစ် ဝဘ်စာမျက်နှာဆီပို့ပေးလိုက်တယ်။ အထက်ကဝဘ်စာမှာ ဒုတိယပုံကိုနိပ်ပြီးရွေးလိုက်ရင် -

ပုံရိပ်စုဆောင်းထားသူရဲ့ ဝဘ်စာမျက်နှာသို့သွားရန်

ပုံရိပ်စုဆောင်းထားသူရဲ့ ဝဘ်စာမျက်နှာ

အဲဒီမှာကိုယ်လိုချင်တဲ့ပုံရဲ့အရွယ် စသဖြင့်ကိုခွင့်ပြုထားတဲ့အတိုင်းဒေါင်းလုတ်ဆွဲနိုင်မယ်။