ပျူစကားသံ - ၃၊ လက်ကိုင်ဖုန်းနဲ့လုပ်
မြစေတီကျောက်စာက ပျူစာပထမစာကြောင်းကိုအသံထုတ်ကြည့်ထားတဲ့ ပျူစကားသံကိုနားထောင်ကြည့်ပါဦး -
html_tag_audio("PYU-7_ln1.mp3", type = "mpeg")
ခုအခါမှာလက်ကိုင်ဖုန်းတွေကကွန်ပျူတာနီးပါးလုပ်နိုင်လာကြလို့ပျူစာကနေအသံထုတ်တဲ့ sanskrit-tts package ကိုလဲသုံးနိုင်ပါတယ်။ ကွာခြားတာကတော့ကွန်ပျူတာမှာလို terminal ကပင်ကိုပါမလာဘူး။ အလားတူလုပ်နိုင်ဖို့ Termux ဆော့ဝဲကိုတင်ရတယ်။
လက်ကိုင်ဖုန်းမှာလုပ်ပုံအဆင့်ဆင့်က -
(၁) Termux ကို install လုပ်၊ (၂) Sanskrit Text-to-Speech ကို install လုပ်နိုင်ဖို့
Node.js နဲ့ npm ဆော့ဝဲတွေကို install လုပ်၊ (၃) “sanskrit-tts” package ကို install
လုပ်၊၊ (၄) iso 15919 နဲ့အက္ခရာဖထှယ်ထားတဲ့ပျူစာကြောင်းကိုအသံဖိုင်လုပ်ပေးဖို့ Java script
ကိုရေးပြီး Termux ထဲမှာ run ရမှာဖြစ်ပါတယ်။
ခုလုပ်နည်းထဲက Termux ကိုသုံးနိုင်ဖို့ဆိုရင် Android 7 နဲ့အထက်ရှိတဲ့လက်ကိုင်ဖုန်းလိုအပ်တယ်။ ဒါ့အပြင်လုပ်ငန်းစဉ်ချောမွေ့အောင် လက်ကိုင်ဖုန်းမှာ file manager တခု၊ text editor တခုရှိနေရပါမယ်။
လက်ကိုင်ဖုန်းမှာကြိုတင်လိုအပ်ချက်
- Android 7 နဲ့အထက်ရှိနေရမယ်၊
- ကျနော်က Google Files ဆိုတဲ့ file manager သုံးတယ်။ Files ဆိုတဲ့ app ကို Play Store ကနေ install လုပ်ပါ။
- Text editor မရှိသေးရင် Notepad – Text Editor ဆိုတဲ့ ဆိုတဲ့ ရိုးစင်းတဲ့ app ကို Play Store ကနေ install လုပ်ပါ။
Termux ကို install လုပ်
- Termux ကိုဒေါင်းလုတ်ဆွဲပါ:
F-droid ဝဘ်စာမျက်နှာ (https://f-droid.org/en/packages/com.termux/) ကိုဖွင့်ပါ။
ပေါ်လာတဲ့အထဲက Version 0.118.1 ရဲ့ Download APK ကိုနှိပ်ပါ။
Android သုံးလက်ကိုင်ဖုန်းတွေမှာဒေါင်းလုတ်ဆွဲထားတဲ့ဖိုင်တွေကိုပုံမှန်အားဖြင့် storage/emulated/0/Download/ နေရာမှာသိမ်းထားတယ်။ File manager ဖြစ်တဲ့ Files app ကိုဖွင့်ပါ။ Downloads ကိုနှိပ်ပါ။
Termux app ဖိုင်ဖြစ်တဲ့ com.termux_1000.apk ကိုတွေ့မယ်။ သူ့ကိုနှိပ်ပြီး install လုပ်ပါ။
Termux ဟာအန္တရာယ်ရှိတဲ့ app မို့တားထားတယ်လို့စာထွက်လာမယ်။
More details ကိုဖွင့်၊ ပေါ်လာတဲ့ Install anyway ကိုနှိပ်ရင် Termux ကို Install လုပ်ပေးပါလိမ့်မယ်။
- အရေးကြီးတဲ့အချက်က Termux အလုပ်လုပ်နိုင်အောင် Android settings
ထဲမှာ permission ပေးဖို့ဖြစ်တယ်။
Settings ကိုသွား၊ App ကိုဖွင့်။ Termux ကိုဖွင့်။ App Info မှာခွင့်ပြုချက်မရှိကြောင်းတွေ့ရမယ်။
Permissions ကိုနှိပ်။ ပေါ်လာတဲ့အထဲက Files and media ကိုနှိပ်။
ပေါ်လာတဲ့အထဲက Allow management of all files ကိုရွေးပြီးပြန်ထွက်ပါ။
node.js ကို Install လုပ်ပါ
- Termux ကိုဖွင့်ပြီး pkg install nodejs လို့စာရိုက်ပြီး Enter ကိုနှိပ်ပါ။ Node.js နဲ့ npm နှစ်မျိုးစလုံးကို တင်ပေးပါလိမ့်မယ်။ Installation မှန်မမှန်စစ်ပါ
- ဖွင့်ပြီးသား Termux မှာ
node -v
လို့စာရိုက်ပြီး Enter ကိုနှိပ်ရင် Node.js version ပေါ်လာမယ်၊npm -v
လို့စာရိုက်ပြီး Enter ကိုနှိပ်ရင် npm version ပေါ်လာမယ်။ version နှစ်ခုစလုံးပေါ်ရင် Installation အောင်မြင်ပါပြီ။
sanskrit-tts package ကို install လုပ်
ပျူစာကိုအသံထွက်ပေးမဲ့အလုပ်ကိုသီးခြားလုပ်ဖို့ folder အသစ်တခုဖွင့်မယ်။ အဲဒီအထဲမှာ sanskrit-tts package ကို install လုပ်မယ်၊ အသံဖိုင်လုပ်ပေးဖို့ javascript ကိုရေးပြီးဒီအထဲမှာ run တဲ့အခါ ထွက်လာတဲ့ အသံဖိုင်ကိုဒီမှာဘဲသိမ်းပေးမယ်။
- Folder အသစ်တခုဖွင့်
- Files app ကိုဖွင့်ပြီးအောက်ဆုံးဘယ်ဘက်က Internal storage ကိုဖွင့်ပါ။ အဲဒီထဲမှာရှိတဲ့ folder
တွေပေါ်လာမယ်။ ညာဘက်အောက်ဆုံးနားက + ကိုနှိပ်ရင် Folder
အသစ်ရဲ့နံမယ်ရေးဖို့ပေါ်လာမယ်။
- PYU-tts လို့စာရိုက်ပြီး Create Folder ကိုနှိပ်ပါ။
- Termux ကိုဖွင့်
- PYU-tts folder သို့ပြောင်း
- PYU-tts folder ရဲ့တည်နေရာ (path) ကိုကူးယူဖို့ Files app ကိုဖွင့်ပြီး Internal
storage ကိုဖွင့်၊ ပေါ်လာတဲ့ PYU-tts folder ရဲ့ညာဘက်ဘေးကအစက်သုံးစက် ကိုနှိပ်။ ပေါ်လာတဲ့အထဲက
Folder info ကိုနှိပ်။
- ပေါ်လာတဲ့အထဲက ဝိုင်းပြထားတာကိုခပ်ကြာကြာနှိပ်ရင် PYU-tts folder ရဲ့တည်နေရာ (path)
ကိုကူးယူပြီးဖြစ်လိမ့်မယ်။
- ဖွင့်ပြီးသား Termux ကိုပြန်သွားပြီး cd လို့ရိုက်၊ ကွက်လပ်ခြားပြီးကူးထားတဲ့ path ကို paste လုပ်ပြီး Enter ကိုနှိပ်ရင် PYU-tts ကိုပြောင်းသွားမယ်။
sanskrit-tts
Package ကို install လုပ်
- npm install sanskrit-tts လို့စာရိုက်ပြီးနှိပ်ပါ။ install လုပ်ပြီး Termux
မှာဒီလိုမြင်ရမယ် -
- Termux ကိုပိတ်ဖို့ exit လို့စာရိုက်ပြီး Enter ကိုနှိပ်ပါ။
JavaScript ဖိုင်လုပ်
- PYU-tts folder ထဲမှာ JavaScript ဖိုင်အသစ်၊ ဥပမာ PYU-7_ln1.js ကိုဖွင့်မယ်။ ဒါကပျူကမ္ဗည်းစာတွေကိုစုထားပြီး iso 51919 အက္ခရာနဲ့ရေးထားတဲ့အထဲက ကမ္ဗည်းစာအမှတ်စဉ်-၇ (PYU 7) ရဲ့ပထမစာကြောင်းကိုအသံဖိုင်ထုတ်ခိုင်းတဲ့ JavaScript ရေးဖို့ပါ။ ခုစမ်းသပ်မဲ့ပျူစာသားဟာမြစေတီကျောက်စာကပထမစာကြောင်းဖြစ်ပြီး iso 51919 နဲ့ရေးထားတာကို ဒီဝဘ်စာမျက်နှာကယူပါတယ် - http://hisoma.huma-num.fr/exist/apps/pyu/works/ စာသားကဒီလိုပါ - || siri || dathagaṃda ḅa doṃ ḅaṁḥ ḅiṁḥ pduṃ sgu daṃḥ ḅa tva
- Script ရေး
- အောက်ပါစာကိုကူးပါ -
// Import the sanskrit-tts module
const tts = require('sanskrit-tts');
// Define the Pyu text (in ISO 15919)
const text = '|| siri || dathagaṃda ḅa doṃ ḅaṁḥ ḅiṁḥ pduṃ sgu daṃḥ ḅa tva';
// Convert the text to speech and save it as an MP3 file
tts.saveFile(text, {
script: 'iso15919',
fileName: 'PYU-7_ln1.mp3'
});
Text Editor ကိုဖွင့်ပြီး ကူးထားတဲ့စာတွေကို paste လုပ်မယ်။
PTU-tts folder ထဲမှာ PYU-7_ln1.js ဆိုတဲ့နံမယ်နဲ့ save လုပ်ပါ။ အဲဒီ folder ထဲမှာ ဒီလိုတွေ့ရမယ် -
သင့် Script ကို run ပါ
- Termux ကိုဖွင့်၊ PYU-7_ln1.js ရှိတဲ့ PYU-tts folder ကိုပြောင်း၊ node
PYU-7_ln1.js ဆိုတဲ့အမိန့်ရေးပြီး Enter ကိုနှိပ်မယ်။
ပျူစကားသံကိုနားထောင်ကြည့်ပါ
- PYU-tts folder ကိုဖွင့်ကြည်ရင် PYU-7_ln1.mp3 ဖိုင်ကိုတွေ့မယ်။ သူ့ကိုနှိပ်ပြီးနားထောင်နိုင်ပါပြီ။