မြန်မာပြည်တွင်းရှိပေ၊ပုရပိုက်တွေရဲ့ဒီဂျစ်တယ်ရင်းမြစ် (MMDL)
ဦးဘိုးသီးပိဋကတ်တိုက် (UPT)
ဦးဘိုးသီးပိဋကတ်တိုက်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊သထုံမြို့တွင်ရှိ၍ အငြိမ်းစားဝန်ထောက် ဦးဘိုးသီးဆိုသူက ၎င်းထံတွင် စုဆောင်းထားရှိသော ပေ၊ ပရပိုဒ်၊ ပိဋကတ်တော်များဖြင့် သာဓုဇနပါသာဓိက မဟာဓမ္မစေတီတော်တိုက် အမည်ဖြင့် တည်ဆောက်ခဲ့သည်။ သုဝဏ္ဏဘူမိ ပရိယတ္တိသာသနာဟိတအသင်းကြီး၏ စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုကြသော ရဟန်းသံဃာမျအတွက် အဆင်ပြေစေရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည်။ (ဝီကီပီးဒီးယား မှ)
၁၉၂၃ ခုနှစ်မှာမြန်မာစာပါမောက္ခဦးကျော်ထွန်းရဲ့အကူအညီနဲ့ဦးဘိုးသီးကဒီပိဋကတ်တိုက်ကိုထူထောင်ခဲ့တယ်။ ၂၀၁၃ ခုေဖေဖါ်ဝါရီလမှာတော့ Dr. Sunao Kasamatsu, Dr. Yutaka Kawasaki, Dr. Aleix Ruiz Falqués နဲ့ Dr. William Pruitt တို့ပူးပေါင်းပြီး ပေ၊ပုရပိုက်များမပျက်စီးအောင်ထိန်းသိမ်းမှု၊ ဒီဂျစ်တယ်ပုံစံသွင်းမှုနဲ့ ပေ၊ပုရပိုက်များကိုသိုလှောင်ထားမှုအတွက်စီမံကိန်းတခုကိုစတင်ခဲ့ကြပါတယ်။ ဒီအကြောင်းတွေကို ဒီနေရာ - https://mmdl.utoronto.ca/about/archives/ နဲ့ ဒီနေရာ https://mmdl.utoronto.ca/about/films/ တွေမှာဖတ်နိုင်ပါတယ်။
မြန်မာနိုင်ငံအမျိုးသားစာကြည့်တိုက်ရဲ့ ဗားကရာကျောင်းတိုက်ပိဋကတ်တိုက် (BGY)
ကျွန်းတိုင်ပေါင်း ၂၆၇ တိုင်နဲ့တည်ဆောက်ထားတဲ့ အင်းဝမြို့က ဗားကရာကျောင်းတိုက်ရဲ့ကျောင်းထိုင်ဆရာတော်က ၂၀၁၆ မှာကျောင်းတိုက်ကစုဆောင်းထားတဲ့များပြားတဲ့ပေစာတွေကိုနေပြည်တော်ကအမျိုးသားစာကြည့်တိုက်ကိုလွှဲပေးခဲ့ပါတယ်။ ၂၀၁၈ မှာ အင်္ဂလန်က ပါဠိကျမ်းစာအသင်းနဲ့ အမျိုးသားစာကြည့်တိုက်တို့ကပေစာတွေကိုဒီဂျစ်တယ်ပုံစံပြောင်းပြီးထိန်းသိမ်းဖို့နဲ့အများပြည်သူကိုဖတ်ရှု၊ရယူခွင့်ပေးဖို့ရာသဘောတူညီချက်ရရှိခဲ့ပါတယ်။
ပေစာများကို အင်္ဂလန်က ပါဠိကျမ်းစာအသင်းနဲ့ဂျပန်ပြည်ကပညာရှင်တွေရဲ့အကူအညီနဲ့ဓာတ်ပုံရိုက်ကူးယူပြီး pdf ဖိုင်များပြုလုပ်ခဲ့ပါတယ်။ ဒီပုံတွေကိုအမျိုးသားစာကြည့်တိုက်ကစိစစ်အတည်ပြုပြီးမှ တိုရန်တိုတက္ကသိုလ်ကိုပို့ခဲ့ပါတယ်။
No comments:
Post a Comment