အင်္ကောလဆေးပင်ကိုမကြားဘူးလို့ရှာကြည်တော့ လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း ဆိုပြီး Alangium Lamarckii ဆိုတဲ့သိပ္ပံနံမယ်နဲ့အပင်ဆိုတာ ဘုန်းသစ်ထူးရဲ့ဘလော့အရသိရပါတယ် - https://ph1nuzzle.wordpress.com/2017/06/13/လိပ်ခေါင်းရောဂါပျောက်သ/
အထောက်အထားရှာကြည့်တော့ “A Checklist of the Trees, Shrubs, Herbs, and Climbers of Myanmar” ရဲ့ စာမျက်နှာ ၄၉၂ အရ မြန်မာပြည်မှာ Alangium မျိုးစိတ် ၉-မျိုးပေါက်တယ်လို့သိရတယ်။
အသေးစိတ်ကိုတော့စာမျက်နှာ-၁၃၆ မှာတွေ့ပါတယ် -
ရှေ့ကကျနော့ဆောင်းပါးမှာပြထားတဲ့ပုရပိုက်ပုံထဲကအင်္ကောလဆေးပင်ရဲ့ပုံညွှန်းစာမှာ
“မင်းကွန်းတွင်။ပဌမရောက်သည်ဇော်ဂီနှင့်အတူပါ။မြောံဥယည်တော်။တောင်ဥယည်တော်များတွင်စိုက်သည်အင်္ကောလဆေးပင်တော်၈။ ကပ္ပိလရသေ့ရုပ်တုနှင့်အတူပါ။အမရပူရမြို့ဆင်မင်းနန်းရှေ့တွင်စိုက်သည်ပင်ရေ၄။ပုဏ္ဏားဗိသျှနာထ။ဒေဗီဒတ်တို့နှင့်အတူပါ၍စန္ဒမုနိဘုရားအတွင်းစိုက်သည်ပင်ရေ၂။မင်းကွန်းနန်းတော်ဆင်မင်းနန်းတွင်စိုက်သည်ပင်ရေ၂။စုစုအင်္ကောလဆေးပင်တော်၁၆ပုံ”
လို့ရေးထားတော့ာ ယူလာသူတွေရဲ့စာရင်းသာပါပြီးဘယ်ကယူလာတယ်ဆိုတာမသိရဘူး။ ပြောခဲ့သလိုပြည်တွင်းမှာဒီအပင်မျိုးစိတ်အများအပြားရှိတာကြောင့်ပြည်တွင်းကရတာလဲဖြစ်နိုင်တယ်။ပြည်ပ(အိန္ဒိယ)ကရတာလဲဖြစ်နိုင်သေးတယ်။ Wikipedia ထဲမှာ -
“Alangium salviifolium, commonly known as sage-leaved alangium, is a flowering plant in the Cornaceae family. It is also commonly known as Ankolam in Malayalam, Ankola in Kannada, Akola or Ankol in Hindi and Alanji in Tamil.”
လို့တွေ့ရတာကြောင့် “ကန်နဒ” ဘာသာစကားပြောတဲ့အိန္ဒိယအနောက်တောင်ပိုင်းမှာနေသူတွေရဲ့ အန်ကိုလ (Ankola) ဆိုတဲ့နံမယ်ကိုယူတာဖြစ်မယ်လို့ထင်ပါတယ်။ ဒီအပင်ဟာအိန္ဒိယမှာ အာယုဗေဒဘယဆေးအဖြစ်တွင်တွင်ကျယ်ကျယ်သုံးတာမို့မြန်မာပြည်တွင်းမှာပေါက်မှန်းမသိပဲတလေးတစားအိန္ဒိယကသွင်းယူလာတာဖြစ်မယ်ထင်ပါတယ်။
တွတ်တပတ်ပင် ကိုတော့ “ဟံသာဝတီမြို့ဝန်ဆက်တွတ်တပတ်ပင်။” လို့ပုရပိုက်ထဲမှာတွေ့ရပါတယ်။ ဒီဘလော့ထဲမှာပဲ ၂၀၁၅ တုန်းကကျနော်ရေးခဲ့တဲ့ Thu-ta-bat, Maya Fruit and the Extinct Dodo မှာတွတ်တပတ်သီးဟာ မက္ကဇီကိုနဲ့ ဗဟိုအမေရိက(တောင်အမေရိကတိုက်) ကCanistal ဆိုတဲ့သကြားသီးတမျိုး (သိပ္ပံအမည် = Pouteria campechiana) သာဖြစ်တယ်လို့ရေးခဲ့ပါတယ်။
တွံတေးကနေစျေးကြီးပေးပြီးဝယ်လာပေးတဲ့မိတ်ဆွေကိုအေးကြူကတော့ အပင်ပိုင်ရှင်ကရှေးကဘုရင်တွေသာစားရတဲ့အသီးမျိုးလို့ဆိုကြောင်းပြောပြပါတယ်။ အောက်ပုံမှာတွံတေးကတွတ်တပတ်အသီးနဲ့အပင်အောက်ကပိုင်ရှင်ရဲ့ပုံ။
အောက်ကပုံထဲမှာအောက်ဆုံးပုံနှစ်ပုံကတွံတေးကအပင်နဲ့အသီး။ အပေါ်သုံးပုံကအင်တာနက်ထဲက Canistal အသီး။
ဝီကီပီးဒီးယားထဲကပဲခူးမြို့ဆောင်းပါးမှာ “ပဲခူးမြို့ကို ဟံသာဝတီ ၃၂ မြို့ဝန် (ခ) ရန်ကုန်မြို့ဝန်က အုပ်ချုပ်သည်။” လို့ပါတာကြောင့်ပုရပိုက်ထဲမှာ “ဟံသာဝတီမြို့ဝန်ဆက်တွတ်တပတ်ပင်” ဆိုတာတွံတေးကရတာဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ တွတ်တပတ်ပင်ဟာမင်းတုန်းမင်းကြီးလက်ထက်မတိုင်ခင်ကနိုင်ငံခြားကမျိုးယူလာပြီးတွံတေးမှာစိုက်ခဲ့တာဖြစ်ပါလိမ့်မယ်။
No comments:
Post a Comment