မက်ထရိုပိုလစ်တန်အနုပညာပြတိုက်
အမေရိကန်ပြည်နယူးရောက်မြို့တော်က မက်ထရိုပိုလစ်တန်အနုပညာပြတိုက် (The Met) ဟာကမ္ဘာ့အနောက်ဘက်ခြမ်းမှာအကြီးဆုံးဖြစ်ပြီးကမ္ဘာအရပ်ရပ်ကအနုပညာလက်ရာ ငါးသိန်းနီပါးလောက်စုဆောင်း၊ပြသထားပေမဲ့မြန်မာ့ပုရပိုက်ကတော့တစ်ခုပဲရှိပါတယ်။ https://www.metmuseum.org/art/collection/search/744940?ft=parabaik&offset=0&rpp=40&pos=1
ဒီပုရပိုက်ဟာ ဒေါင်လိုက် ၁၆ ၁/၂ လက်မ၊ဗျက် ၇ ၁/၄ လက်မ၊ခေါက်လျက်အထူ ၂ ၁/၄ လက်မရှိတယ်။Manuscript: H. 16 1/2 in. (41.9 cm); W. 7 1/4 in. (18.4 cm); D. 2 1/4 in. (5.7 cm) ပေါ့။
မူပိုင်ခွင့် (copy right) သတ်မှတ်ထားခြင်းမရှိတဲ့အရာတွေဟာအများပြည်သူ့နယ်ပယ်မှာရှိပါတယ်။ ဒီပြတိုက်ဟာ ၂၀၁၇-ခုနှစ်ကစပြီးသူရဲ့အများပြည်သူ့နယ်ပယ် (public domain) မှာရှိတယ်လို့သတ်မှတ်ထားတဲ့ဒီဂျစ်တယ်ပုံစံနဲ့ရှိနေတဲ့၊အနုလက်ရာနဲ့ဆက်စပ်အချက်အလက်အားလုံးအတွက် “အတားအဆီးမဲ့ကြည့်ရှုရယူခွင့်၊အသုံးပြုခွင့်” (open access; OA) စနစ်ကိုကျင့်သုံးလာခဲ့တယ်။ ဒါကရှေ့မှာပြောခဲ့တဲ့ ဗြိတိသျှစာကြည့်တိုက်နဲ့အရေးပါတဲ့ကွာခြားချက်ပါဘဲ။ ဒါကြောင့်ဘယ်သူမဆို OA နဲ့အကြုံးဝင်တဲ့ပုံရိပ်နဲ့အချက်အလက်တွေကိုတကိုယ်သုံးဖြစ်စေ၊စီးပွားရေးအတွက်ဖြစ်စေလွတ်လွတ်လပ်လပ်သုံးနိုင်တယ်။ရယူဖို့ရော၊သုံးဖို့ရာပါ ခွင့်တောင်းစရာမလိုပါ။ OA စနစ်အကြောင်းရယ်၊ အဲဒီပုံရိပ်နဲ့အချက်အလက်တွေကိုရနိုင်တဲ့နည်းသုံးမျိုးရယ် ဒီမှာဖတ်နိုင်တယ် -https://www.metmuseum.org/about-the-met/policies-and-documents/open-access#what-is-open-access
The Met ရဲ့ Application Programming Interface (API) သုံးပြီးအနုလက်ရာတွေရဲ့ပုံရိပ်နဲ့အချက်အလက်တွေကိုအင်တာနက်ကလှမ်းပြီးရယူတဲ့နည်းရဲ့ကောင်းတဲ့အဓိကအချက်က တကြိမ်ထဲမှာပုံရိပ်တခုမကရယူနိင်ခြင်းဖြစ်တယ်။ ဥပမာ ခုပြောနေတဲ့ပုရပိုက်မှာအခေါက်အလိုက်ပုံပေါင်း ၆၆-ပုံရှိလို့ပုံမှန်သူရဲ့ဝဘ်စာမျက်နှာကိုဝင်၊ ပုံကိုရှာ၊အဲဒီပုံဒေါင်းလုတ်ဆွဲတဲ့နည်းနဲ့ဆိုရင် ၆၆-ခါလုပ်ရမယ်။ API သုံးတဲ့နည်းကိုကျနော်စမ်းပြထားတာကို ဒီဘလော့ထဲမှာပဲဖတ်နိုင်ပါတယ် - https://sylvanstroll.blogspot.com/2022/02/using-api-to-search-and-download.html.
No comments:
Post a Comment