ဦးသာမြတ်ရေးတဲ့ပျူဖတ်စာကိုကြာဘူးတာကြာပေမဲ့မနှစ်ကမှဖေ့ဘုတ်မှာလိပ်စာတွေ့ပြီးဒေါင်းလုတ်ဆွဲယူနိုင်ခဲ့ပါတယ်။ ဒီအဖိုးတန်လှတဲ့စာအုပ်ကိုဝေမျှပေးမယ်ဆိုပြီးဖေ့ဘုတ်မှာဒေါင်းလုတ်ဆွဲဖို့လိပ်စာတင်ပေးလိုက်တော့ သူတို့မူနဲ့မကိုက်လို့တင်မပေးပါဘူးဆိုပြီးလန်ကျခဲ့တယ်။ လိုချင်သူတွေအတွက်လိပ်စာကဒီမှာပါ - https://b-ok.asia/book/3180432/ec9e91.
ဒီလိုတင်တာမူပိုင်ခွင့်နဲ့ငြိသလားတော့မပြောတတ်ပါဘူး။ ဒီကျမ်းကိုပြုစုခဲ့တဲ့ ဆရာကြီးဦးသာမြတ်ကတော့ပျူစာအကြောင်းများများသိ၊များများလေ့လာ၊များများပြော၊များများဖြန့်၊တာကိုမကန့်ကွက်ဘူးထင်ပါတယ်။ကျနော်တို့ရဲ့ယဉ်ကျေးမှုအမွေဟာလူအားလုံးရဲ့အမွေ၊ကမ္ဘာ့အမွေပါဘဲ။
No comments:
Post a Comment